ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ကျင်းပ

ဘုတ်ပြင်း၊ နိုဝင်ဘာလ ၁၆ ရက်

၁၆.၁၁.၂၀၂၄ ရက်နေ့မှ ၂၀.၁၁.၂၀၂၄ ရက်နေ့အထိ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ဘုတ်ပြင်းမြို့၊ ဘုတ်ပြင်းခရိုင်ပညာရေးမှူးရုံးခန်းတွင် ကျင်းပရာ ဘုတ်ပြင်းခရိုင် နှင့် မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိများ၊ ဘုတ်ပြင်းခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် သင်တန်းသူ ဆရာမများ စုစုပေါင်းအင်အား (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)