ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ” ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနား ” သို့ တက်ရောက်

ဘားအံ၊ နိုဝင်ဘာလ ၁၁ ရက်

၁၁.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ” ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနား “ သို့ ကရင် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ   တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)