ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်ဖြစ်သူ Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ်လ ၂၀

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Arnaud de Baecque နှင့်အဖွဲ့အား ဥပဒေရေးရာဝန်ကြီးဌာနရှိ သံတမန် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

 တွေ့ဆုံဆွေးနွေးရာတွင် ဂျီနီဗာသဘောတူညီချက် (၄) ခုအား အင်္ဂလိပ်ဘာသာမှ မြန်မာ ဘာသာသို့ ဘာသာပြန်ဆိုခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ နှင့်ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ(IHL)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပနိုင်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ ကြကြောင်း သိရပါသည်။

(သတင်းစဉ်)