ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) စာအုပ်မိတ်ဆက်ပွဲ နှင့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာလ ၇ ရက်

၇-၁-၂၀၂၅ ရက်နေ့ (၉:၀၀)နာရီအချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်း၌ ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) စာအုပ်မိတ်ဆက်ပွဲ နှင့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့် ၊ မကွေးခရိုင်ဥပဒေအရာရှိ ၊ မင်းဘူးခရိုင် ဥပဒေအရာရှိတို့ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)