ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၁၂

ယနေ့ ညနေပိုင်းအချိန် ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို  နေပြည်တော်၊  ရုံးအမှတ်(၂၅)၏ ရှေ့အဝင်လမ်း ပရဝုဏ်အတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပပြုလုပ်ရာ သတ်မှတ်နေရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ငါးသားပေါက်များအား ဦးစွာစိုက်ထည့် ပေးပါသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း  စုစုပေါင်း ၂၅၀ ဦးခန့်က ငါးသားပေါက်များအား သတ်မှတ်နေရာများတွင် စိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။

ယခုနှစ် မိုးရာသီတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ငါးသားပေါက် ကောင်ရေ ၁၈၀၀ အား စိုက်ထည့်ပေးခဲ့ကြောင်း သိရပါသည်။

(သတင်းစဉ်)