ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာစံနှုန်းများ ဆန်းစစ်ချက် စာမေးပွဲကျင်းပပြုလုပ်

ဘားအံ၊ အောက်တိုဘာ ၁၄

 

     (၁၄.၁၀.၂၀၁၈) ရက်နေ့ နံနက်(၁၀:၀၀)အချိန် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာစံနှုန်းများ ဆန်းစစ်ချက် စာမေးပွဲတွင် ပြည်နယ်/ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ ဖြေဆိုခဲ့ရာ ပြည်နယ်ဥပဒေအရာရှိမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

     မွန်းလွဲ(၁:၀၀)အချိန် ကရင်ပြည်နယ်ဥပဒေချုပ်ရုံးခန်း၌ ဥပဒေအရာရှိ ကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာစံနှုန်းများ ဆန်းစစ်ချက် လူတွေ့စစ်ဆေးခြင်းကို  ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့မှ စစ်ဆေးမေးမြန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)