တနင်္သာရီ၊ ဇွန်လ ၈ ရက်

၈.၆.၂၀၂၄ ရက်နေ့ နံနက် (၁၀၀၀)အချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်း အနားကို တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ ၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ထားဝယ်ခရိုင်/ မြို့နယ်ဥပဒေရုံးနှင့် ရေဖြူမြို့နယ်ဥပဒေရုံး တို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
