ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ်၊ စက်တင်ဘာ ၈ ရက်

၉.၉.၂၀၂၄ ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး နှင့် ထားဝယ်ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ ဥပဒေအသိပညာပေးဟောပြောပွဲကို တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ပညာရေးဒီဂရီကောလိပ် တိက္ခပညာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ ထားဝယ်ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊  တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်၊ ရုံးအဖွဲ့မှူး ဦးအေးမင်း၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၅၀၀) ဦး တက်ရောက်ခဲ့ကြပါ သည်။

(သတင်းစဉ်)