မကွေး၊ စက်တင်ဘာလ ၅ ရက်

၅-၉-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်တွင် ကံမမြို့၊ အ.ထ.က(ရေနံ့သာ) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၃၁၂)ဦးနှင့် ဆရာ၊ ဆရာမ ဝန်ထမ်းအင်အား (၂၀)ဦးတို့အား ဥပဒေအသိပညာပေးဟောပြောပွဲ၌ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက် များနှင့်စပ်လျဉ်း၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ဇလတ်က ဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။
(သတင်းစဉ်)
