ဥပဒေအသိပညာပေး ဟောပြောပွဲများကျင်းပ

မကွေး၊ ဩဂုတ် ၂၃ ရက်

၂၃-၈-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် စလင်းမြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင် က ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)