ဥပဒေအသိပညာပေး ဟောပြောပွဲများကျင်းပ

ညောင်ရွှေ၊ ဩဂုတ်လ ၁၅ ရက်

၁၅-၈-၂၀၂၄ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ညောင်ရွှေမြို့ အ.ထ.က(၃)တွင်လည်းကောင်း၊ နေ့လည် ၁:၀၀ နာရီအချိန်တွင် အ.ထ.က(၂)တွင်လည်းကျောင်းတို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ ဆက်သွယ်ရေးဥပဒေနှင့် ကလေးသူငယ်ဥပဒေတို့နှင့်စပ်လျဉ်း၍ အခြေခံဗဟုသုတများကို ညောင်ရွှေမြို့နယ် ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဆုလွင်လွင်ငြိမ်းက အသိပညာပေးဟောပြောခဲ့ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)