မကွေး၊ မေလ ၅ ရက်

၅-၅-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဗိုလ်မင်းရောင်ခန်းမ၌ ဥပဒေအသိပညာပြန့်ပွားရေးအမှတ်စဉ် ၂/၂၀၂၅ သင်တန်းဖွင့်ပွဲအခမ်းအနား သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်နှင့် ဥပဒေအရာရှိ များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ မကွေးတက္ကသိုလ်ဥပဒေပညာဌာန ၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ၊ မကွေးပညာရေးဒီဂရီကောလိပ် ၊ မကွေးဆေးတက္ကသိုလ်၊ အခြေခံ ကျန်းမာရေး တက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း ၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် တိုင်းအဆင့်ဌာန ဆိုင်ရာများမှ သင်တန်း သား(၁၁၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
