ဥပဒေအသိပညာပြန့်ပွားရေးအမှတ်စဉ် ၂/၂၀၂၅ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ မေလ ၆ ရက်

၆-၅-၂၀၂၅ ရက်နေ့ ညနေ (၄:၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဗိုလ်မင်းရောင်ခန်းမ၌ ဥပဒေအသိပညာပြန့်ပွားရေးအမှတ်စဉ် ၂/၂၀၂၅ သင်တန်းဆင်းပွဲအခမ်းအနား သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်းဒေသကြီး ဥပဒေ အရာရှိ ဒေါ်မိသန္တာမြင့် ဒေါ်မိသန္တာမြင့်နှင့် ဥပဒေအရာရှိ များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊  မကွေးတက္ကသိုလ်ဥပဒေပညာဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ၊ မကွေးပညာရေးဒီဂရီ ကောလိပ် ၊ မကွေးဆေးတက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ အစိုးရနည်းပညာ အထက် တန်းကျောင်း ၊ နည်းပညာ တက္ကသိုလ်၊  ကွန်ပျူတာ တက္ကသိုလ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင်  တိုင်းအဆင့်ဌာန ဆိုင်ရာများမှ သင်တန်း သား(၁၁၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)