လဟယ်၊ နိုဝင်ဘာ ၉ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ(တာဝန်) ဦးမြတ်ကိုကိုဇင် (ဥ/၃၈၇၁) မှ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို ၉-၁၁-၂၀၂၅ ရက်နေ့တွင် လဟယ်မြို့၊ ချယ်ရီမြိုင်ခန်းမ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း (၁၀) ဦး၊ ကျောင်းသား/သူ (၁၅၀) ဦး စုစုပေါင်း (၁၆၀) ဦးအား ဥပဒေ၏အခြေခံသဘောတရားများနှင့် ကျောင်းသား/ကျောင်းသူများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများ ဟောပြောပို့ချခဲ့ပါကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
