ပဲခူး၊ စက်တင်ဘာလ ၁၁ ရက်

၁၁−၉−၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာ/ အဆင့်မြင့်ပညာ ကျောင်းသားများနှင့် လူငယ်များအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဟောပြောပွဲ အခမ်းအနားကို ပဲခူးတက္ကသိုလ်၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ အခြေခံပညာ/ အဆင့်ပညာကျောင်းသားများ၊ လူငယ်များ စုစုပေါင်းအင်အား(၄၀၀)နီးပါးခန့် တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိခဲ့ပါသည်။ (သတင်းစဉ်)
