ဥပ္ပါတသန္တိ ပရိတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ (ပိတ်ပွဲ) အခမ်းအနား၊ မြစ်ကြီးနားမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား၊ ကချင် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်နှင့် ယူနန်ဘုံကျောင်းလူငယ်များမှ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁ ရက်

(၁.၂.၂၀၂၅)ရက်နေ့ နံနက်(၀၇၃၀)အချိန်တွင်  မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊  သာသနာ့ ဗိမာန်တော်ကြီးတွင်  ဥပ္ပါတသန္တိ ပရိတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ(ပိတ်ပွဲ) အခမ်း အနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ နံနက်(၀၉၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ နေ့လယ်(၁၅၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ပြည်နယ် အားကစားကွင်းတွင် ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်နှင့် ယူနန်ဘုံကျောင်းလူငယ်များမှ တရုတ် နှစ်သစ်ကူးအထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)