ဧရာဝတီမြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကချင်ပြည်နယ် ဒေသခံကော်မတီဝင်၊ ပညာရှင်များနှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနား သို့ တက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီ ၂၉

၂၉.၁.၂၀၂၆ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန် မြစ်ကြီးနားမြို၊ လီဆူးကွင်း၊ ရွှေပြည်သာရပ်ကွက်တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကချင်ပြည်နယ် ဒေသခံကော်မတီဝင်၊ ပညာရှင်များနှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနား သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)