မကွေး၊ ဇွန် ၈ ရက်

၈-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး) ၂ဝ၂၆ ခုနှစ်၊ ပါမောက္ခချုပ် ဖလားမိုးရာသီအားကစားပြိုင်ပွဲအခမ်းအနား နည်းပညာတက္ကသိုလ်(မကွေး)ဖူဆယ်အားကစားကွင်း ရှေ့၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ စစ်ဖက်ဆိုင်ရာ အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးအေးလွင်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ပါမေ က္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစား မောင်မယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
