၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဘားအံ၊ ဩဂုတ် ၁၃ ရက်

       (၁၃.၈.၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀)အချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြသံလွင်ခန်းမ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်၍ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)