၂၀၂၄-၂၀၂၅ ခုနှစ်၊ မကွေးတက္ကသိုလ်၊ ဥပ‌ဒေပညာဌာန၏ (၂၅)နှစ်မြောက် ငွေရတုအခမ်းအနားသို့ တက်ရောက်

မကွေး၊ မေလ ၂၉ ရက်

၂၉-၅-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးတက္ကသိုလ်ဘက်စုံခန်းမ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မကွေးတက္ကသိုလ်၊ ဥပ‌ဒေပညာဌာန၏ (၂၅)နှစ်မြောက် ငွေရတုအခမ်းအနားသို့  မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ်ပါခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းရေးရာနှင့် စီမံ/ ဘဏ္ဍာဌာနမှ အရာရှိများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)