၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade 12) အောင်ချက် မြင့်မားရေးအတွက် အရည်အသွေးမြှင့် ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီ ၂၃ ရက်

(၂၃.၁.၂၀၂၅) ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အ.ထ.က(၉)၊ ရွှေသွေးခန်းမတွင် ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade 12) အောင်ချက် မြင့်မားရေးအတွက် အရည်အသွေးမြှင့် ဆွေးနွေးပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး မှတက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)