၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်ဆပ်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၁၄ ရက်

၁၄-၃-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြသလွန်ကုန်းတော်၊ မဟာဝိဇယရံသီ တန်ဆောင်းတော်ဘုရား၌ ၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်ဆပ်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့ဇနီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မကွေးမြို့ပေါ်မှ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)