၂၀၂၅ ခုနှစ်၊  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့် မြစ်ကြီးနားမြို့၊ နည်းပညာတက္ကသိုလ်တွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲများသို့ ပါဝင်တက်ရောက်

မြစ်ကြီးနား၊ ဇွန်လ ၅ ရက်

(၅.၆.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ် နန်းလှလှအေး တက်ရောက်ခဲ့ပြီး မွန်းလွဲ(၁၃:၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ နည်းပညာတက္ကသိုလ်တွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ပါသည်။

(သတင်းစဉ်)