၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီး ချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ” အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ စက်တင်ဘာ ၈ ရက်

၈.၉.၂၀၂၅ ရက်နေ့ ညနေ(၃:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင် အားကစားကွင်းတွင် ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ” အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ် နှင့်တကွ  ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)