မကွေး၊ ဇွန်လ ၂၈ ရက်

၂၈-၆-၂၀၂၅ ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်က မကွေးတက္ကသိုလ်အရှေ့ဘက်၊ အောင်စေတနာရပ်ကွက်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ (တတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ မကွေးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
