၂၀၂၅ ခုနှစ် ၊ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မုံရွာ၊ ဒီဇင်ဘာလ ၁၆ ရက်

၁၆-၁၂-၂၀၂၄ ရက်နေ့ ၊ နေ့လည် (၁)နာရီအချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ၊ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး သို့ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)