မကွေး၊ အောက်တိုဘာလ ၁၂ ရက်

၁၂-၁၀-၂၀၂၄ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ၂၅ ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင် မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ က တက်ရောက်ခဲ့ကြပြီး ၁၃-၁၀-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ၂၅ ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အဖွဲ့အား မကွေးမြသလွန်ဘုရားတွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါသည်။
(သတင်းစဉ်)
