မုံရွာ၊ နိုဝင်ဘာလ ၂၀ ရက်

၂၀-၁၁-၂၀၂၄ ရက်နေ့ ၊ နံနက် (၉)နာရီအချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး ၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
