ဘားအံ၊ နိုဝင်ဘာလ ၅ ရက်

၅.၁၁.၂၀၂၄ရက်နေ့ နံနက် (၀၇:၃၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ထောင်ကလပ် ကျေးရွာအုပ်စု၊ နောင်သကန်ကျေးရွာတွင် (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝေပုံမြကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ” ထူးဂုဏ် (တောင်ဝိုင်း-ကော့ဌေး-နောင်သကန်လမ်း)” ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
