ဘားအံ၊ ဖေဖော်ဝါရီလ ၅ ရက်


(၅.၂.၂၀၂၀)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန် ဘားအံမြို့၊ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/သူများ၊ စာပေ ဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
( သတင်းစဉ် )
