ဘားအံ၊ ဖေဖော်ဝါရီလ ၂ ရက်

၂.၂.၂၀၂၃ ရက်နေ့ ၀၈:၀၀ အချိန် ကရင်ပြည်နယ်ဖူဆယ်အားကစားခန်းမ၊ တက္ကသိုလ်ဘွဲ့ နှင်းသဘင်ခန်းမအနီး၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည် ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား “ မြို့နယ် ပေါင်းစုံ အမျိုးသားအသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား” သို့ လည်းကောင်း၊ ၁၀:၀၀ အချိန် ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘားအံတက္ကသိုလ်တွင် အနာဂတ်ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလ ငါးတန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘားအံတက္ကသိုလ်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
