၇၆ နှစ်ပြည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင် ပစ္စည်းများ နှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားသို့တက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီလ ၁၁ ရက်

၁၁.၁.၂၀၂၄ ရက်နေ့ နံနက်၉:၀၀ အချိန် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပ ပြုလုပ်သည့် ၇၆ နှစ်ပြည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင် ပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

(သတင်းစဉ်)