(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း  ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုငွေများချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

မုံရွာ၊ ဇန်နဝါရီလ ၄ ရက်

၄-၁-၂၀၂၅ ရက်နေ့၊ နေ့လည်(၁)နာရီအချိန်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်း၌ ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း  ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုငွေများချီးမြှင့်ခြင်း အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)