(၈၁)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသော အားဖြင့် မလိခနိုင်ငံ့ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ(၅)ထပ် တိုက်အမှတ်(၂၀) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ မတ် ၁၈

(၁၈.၃.၂၀၂၆)ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊  သီတာရပ်ကွက်၊ မလိခဝန်ထမ်းအိမ်ရာစခန်း တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသော အားဖြင့် မလိခနိုင်ငံ့ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ(၅)ထပ် တိုက်အမှတ်(၂၀) ဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)