မော်လမြိုင် အောက်တိုဘာ ၁၅


“ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသော တရားစီရင်ရေးဆိုင်ရာစံနှုန်းများ ဆန်းစစ်ချက် ရေးဖြေ စာမေးပွဲ” ကို ၁၂.၁၀.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မော်လမြိုင်မြို့ ၊ မွန်ပြည်နယ်ဥပဒေချုပ်ရုံး တွင် ကျင်းပပြုလုပ်သည်။ နေ့လည်ပိုင်း (၁၂း၃၀)နာရီအချိန် လူတွေ့စစ်မေးခြင်း ပြုလုပ်ခဲ့ပြီး (၁ရး၃၀)နာရီ အချိန်ပြီး မြောက်ခဲ့ပါသည်။
အဆိုပါဆန်းစစ်ချက်စာမေးပွနှင့် လူတွေ့စစ်မေးခြင်းကို မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဒုတိယ ပြည်နယ်ဥပဒေအရာရှိ(၂)ဦး ၊ ဒုတိယညွှန်ကြားရေးမှူး(ရုံးအဖွဲ့မှူး) (၁)ဦး၊ လက်ထောက်ပြည်နယ်ဥပဒေ အရာရှိ(၄)ဦး ၊ ဦးစီးအရာရှိ(၂)ဦး ၊ ခရိုင်ဥပဒေအရာရှိများမှ ခရိုင်ဥပဒေအရာရှိ(၂)ဦး ၊ ဒုတိယခရိုင်ဥပဒေ အရာရှိ(၆)ဦး ၊ ဦးစီးအရာရှိ(၁)ဦး ၊ မြို့နယ်ဥပဒေရုံးများမှ မြို့နယ်ဥပဒေအရာရှိ(၁၀)ဦး ၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ(၁၀)ဦး ၊ စုစုပေါင်း (၃၈)ဦး ဖြေဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
