ဘားအံ၊ နိုဝင်ဘာလ ၃ ရက်

၃.၁၁.၂၀၂၃ ရက်နေ့ နံနက် ၈:၀၀ အချိန် ဘားအံမြို့နယ်၊ နိုင်းကြာ-လှိုင်ဝါးကျေးရွာတွင် (၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်သော ” နိုင်းကြာ- လှိုင်ဝါးကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ ” အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
