အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ (International Day of Person with Disabilities) အခမ်းအနားတက်ရောက်

ကချင်၊ ဒီဇင်ဘာလ ၂ ရက်

၂.၁၂.၂၀၂၃ ရက်နေ့ နံနက် ၉:၀၀ အချိန် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ (International Day of Person with Disabilities) အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)