လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး၊ ဇန်နဝါရီလ ၃၀ ရက်

၃၀−၁−၂၀၂၄ ရက်နေ့ ၁၃:၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြ၍ အလုပ်သမား များနှင့်ပတ်သက်ဆက်နွယ် သော ဥပဒေများ၊ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးအတွက် စည်းရုံးဆောင်ရွက် ရမည့်နည်းလမ်းများ၊ ဥပဒေအသိပညာပေးလက်ကမ်းစာစောင် ထုတ်ဝေခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ များ၊ ဌာနဆိုင်ရာဆွေးနွေးပွဲများတွင် ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ ပညာပေး ဟောပြောမှုများ ဆောင်ရွက်ကြရန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)