သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ : ၃၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး နှင့် ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါက်တာသီတာစန်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် တရားရုံးများက စုံစမ်း ထောက်လှမ်းမှု၊ စုံစမ်းစစ်ဆေးမှု သို့မဟုတ် စစ်ဆေးစီရင်မှု ဆောင်ရွက်ဆဲကာလအတွင်း သိမ်းဆည်းထားသော သက်သေခံပစ္စည်းများကို သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊    လူပယောဂကြောင့်ဖြစ်စေ ပျက်စီးပျောက်ဆုံးမှု၊ တန်ဖိုးယုတ်လျော့မှုနှင့် အလွဲသုံးစားမှု မရှိစေရေးတို့အတွက် ရည်ရွယ်၍လည်းကောင်း၊ Financial Action Task Force(FATF) သို့ ပေးပို့သည့် အစီရင်ခံစာတွင် တိုးတက်မှုအခြေအနေအား ထည့်သွင်းဖော်ပြရန်ရှိသဖြင့် လည်းကောင်း သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပဒေ (မူကြမ်း)သည် လက်ရှိအခြေအနေများတွင်လိုအပ်ပြီး ပြဋ္ဌာန်းရန်သင့်သည့်ဥပဒေဖြစ်ကြောင်း  သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)ကို  ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းစဉ်