ဘားအံ၊ ဇန်နဝါရီလ ၃၁ ရက်

၃၁.၁.၂၀၂၄ ရက် နံနက် ၈:၀၀ အချိန် ဘားအံမြို့၊ ထောင်ဝိကွင်းကုန်ထုတ်လမ်းဖွင့်ပွဲမုခ်ဦး တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သော ” ထောင်ဝိကွင်း ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနား ” သို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နှင့် တိုင်းရင်းသား ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
