နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ၊ မတ်လ ၁၉ ရက်

၁၉-၃-၂၀၂၄ ရက်နေ့ ၊ နံနက်(၈:၃၀) အချိန် ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်ရှိ စည်သူလမ်း ၊ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)