မုံရွာ၊ ဧပြီ ၁၁ ရက်

၁၁-၄-၂၀၂၄ ရက်နေ့ ၊ နေ့လယ်(၂)နာရီအချိန် ၊ မုံရွာမြို့ ၊ ရွှေစည်းခုံဘုရားသာသနာ့ ဗိမာန်တော်တွင် ကျင်းပပြုလုပ်သည့် မုံရွာခရိုင်အတွင်းရှိ ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်များနှင့်သီလရှင်များအား စာအောင်လက်မှတ်ဆက်ကပ်ခြင်း ၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီး များနှင့်ဇနီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
