မုံရွာ၊ ဇွန်လ ၇ ရက်

၇-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀)နာရီအချိန် မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) သို့ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
