မုံရွာ၊ ဇွန်လ ၁၁ ရက်

၁၁-၆-၂၀၂၄ ရက်နေ့ ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ် ၊ စိုက်ပျိုးရာသီတွင် စိုက်ဧကပြည့်မီစွာ စိုက်ပျိုးရေးအတွက် မျိုးစေ့နှင့်သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
