ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအတွက် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော် ဩဂုတ် ၂

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ‌ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအတွက် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စေတနာဖြင့် စု‌ပေါင်းလျက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ယနေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ ‌မြေညီထပ် အစည်းအဝေးခန်းမတွင် ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက် ဖွယ်ရာများ ပြင်ဆင်ထုတ်ပိုးနေမှုများကို ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးတို့က လိုက်လံကြည့်ရှု အားပေးကြ သည်။

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီး နှင့်ဒုတိယရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သား များနှင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအတွက် စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၉၀)နှင့် တပ်မတော်သား တစ်ဦးလျှင် ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ မုန့်၊ လက်ဖက်ထုပ် အသေး၊ ငပိထုပ်၊ လ္ဘက်အကြော်စုံ၊ ပေါက်ရှူ ရှူဆေးဗူး၊ ငါးသေတ္တာတို့ပါရှိသော အစားအသောက် ဆေးဝါးပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် (၃၅)သိန်းဖိုးအား တပ်မတော်သား အယောက်(၂၀၀)အတွက် မေတ္တာဖြင့် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)