စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲတက်ရောက်

ထားဝယ်၊ ဇူလိုင် ၁၅ ရက်

၁၅.၇.၂၀၂၄ ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန် ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ဥပဒေ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဥပဒေ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)