မုံရွာ၊ ဇူလိုင် ၁၅ ရက်

၁၅-၇-၂၀၂၄ ရက်နေ့ ၊ နေ့လယ်(၁၂)နာရီအချိန်၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး ၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ နိုင်ငံတော်အဆင့်ထူးချွန်ဆုနှင့် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ ၊ အောင်ချက် အကောင်းဆုံးဆုရ မြို့နယ်များနှင့် ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
