တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ထားဝယ်၊ ဇူလိုင် ၁၄ ရက်

၁၄.၇.၂၀၂၄ ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန် ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံပွဲအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအကြံ ဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေး၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)