နေပြည်တော်၊ ဩဂုတ် ၆

တရားလွှတ်တော်ရှေ့နေများကောင်စီအစည်းအဝေးအမှတ်စဉ် ၂/၂၀၂၄ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Cluster – 1, တိုက်အမှတ် (၆) ရှိ တရားလွှတ်တော်ရှေ့နေများကောင်စီရုံး၌ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ပါသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထား သည့် အထက်တန်းရှေ့နေ ၂၁၆ ဦးအား တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေကျင့်ဝတ်ဖောက်ဖျက် သည့် တရားလွှတ်တော်ရှေ့နေ ၃၃ ဦးအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေ (၁)ဦးက ဘဏ်ရှေ့နေခန့် ထားနိုင်ရေးအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံပေးနိုင်ရေး လျှောက်ထားသည့်ကိစ္စ၊ တရားလွှတ်တော် ရှေ့နေများကောင်စီ (မန္တလေး)ရုံးခွဲ ဖွင့်လှစ်ခဲ့သည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ (နေပြည်တော်) ရုံးအဆောက်အဦး ဆောက်လုပ်ရန်ကိစ္စ၊ ၂၀၂၅ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီ DIARY နှင့် Note Book ထုတ်ဝေရန် မျက်နှာဖုံး Design နှင့် ထည့်သွင်းလိုသည့်အချက်အလက် များကိစ္စ၊ ရန်ကုန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ငွေစုအကောင့် SC – ၀၂၃၆၁၄ နှင့် CB – ၀၄၆၈၇ တို့ကို နေပြည်တော်သို့ ပြောင်းရွေ့ရန်ကိစ္စ စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ် ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ် တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
