ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၂၄) အခမ်းအနားကျင်းပ

ကော့သောင်း၊ ဩဂုတ်လ ၂၄  ရက်

၂၄.၈.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)အချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၂၄) အခမ်းအနားကို ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ၊ ကော့သောင်းခရိုင်/မြို့နယ်ဥပဒေရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)